
ဒီနေ့ကစပြီး ဒီဘလော့လေးကိုစရေးဖြစ်တာပါ ရင်ဖွင့်ဖော်အဖြစ် အသုံးချမယ်လို့စိတ်ကူးထားခဲ့တာတော့ အမှန်ပါပဲ ရင်ထဲမှာခံစားရသမျှတွေကို ငယ်ငယ်တည်းက ဒိုင်ယာရီစာအုပ်လေးနဲ့ ဗောပင်လေးကိုပဲ
ရင်ဖွင့်နေတတ်ခဲ့သေးတာ ။ ဒီလိုနဲ့အခုတော့ အင်တာနက် သုံးတာများလာတော့ ဒီဘလော့ပေါ်မှာပဲ ရင်ဖွင့်ရင်း လူ့ဘ၀ရဲ့ ပျော်ရွှင်ရခြင်း၊ ၀မ်းနည်းရခြင်း ၊ ကြေကွဲရခြင်း ၊ ကြည်နူးရခြင်း ၊ နှစ်သိမ့်ကျေနပ်ရခြင်း စတဲ့ခံစားမှုမျိုးစုံတွေကို ရင်ဖွင့်ခံစားကြရင်း ဘ၀မျိုးစုံကို စိတ်ကူးတွေနဲ့ ဖြတ်သန်းကြည့်မလားလို့စိတ်ကူးထားပါတယ်....။
1 comment:
ako first pal ako hp ko win kyi kwin ya dae a twet a yan kyay zuu tin tal naw alway happy par say shin.....:)
Post a Comment