Friday, July 25, 2008

သိချင်လား

ဒါလေးကိုသိချင်ရင်ဆက်ဖတ်ကြည့်ပေးပါ

Read this document on Scribd: Binder1

ဆက်ဖတ်ချင်သေးရင်..

Wednesday, July 23, 2008

သူ့ဆီမှလိုချင်ခဲ့သော....

Photobucket

သူ့ဆီက အချစ်ဆိုတဲ့အရာက ကျွန်တော့်အတွက်တော့လေ တန်ဖိုးဖြတ်မရတဲ့မျှော်လင့်ချက်အလင်းရောင်တန်းတစ်ခုပါ သူပြောတဲ့စကားသံတွေထဲမှာ အချစ်နဲ့ပတ်သက်တဲ့အငွေ့အသက်လေးများရရင် ကိုယ်နဲ့များဆိုင်လေမလားရယ်လို့ နှလုံးသားမှာ ရင်ခုန်မူးမိုက်ရတဲ့အထိ ကျွန်တော်က ရူးသွပ်တဲ့ သူ ပါ သူ့ ဆီက အမှတ်တမဲ့မျက်ဝန်း

တစ်စုံတစ်ရာလောက်ရရင် အချစ်ရဲ့. အငွေ့အသက်လေးများ. ပါလာမလားလို့ မျှော်လင့်ခဲ့ရတာလဲ အချိန်တွေကြာခဲ့ပေါ့ကွာ နောက်ဆုံးတော့လဲလေ. အဲဒီချစ်ခြင်းတွေအတွက်. သူ့ဆီက.ဆုလာဒ်က ကျွန်တော့်ရဲ ပထမဦးဆုံးအချစ်ရဲ့လာခြင်းကို စုတ်ဖြဲပစ်ခဲ့ပါတယ်.....

ဆက်ဖတ်ချင်သေးရင်..

မိုးရေတွေထဲမှာကြေမွသွားသောနှလုံးသားများ

Photobucket
လောကမှာ...လုပ်ဆောင်မှုချင်းတူညီတဲ့..
ဆန့်ကျင်ဘက်..အရာနှစ်ခု..ရှိတယ်..။
နေမင်း နဲ့..လမင်း တဲ့...
အလင်းရောင်ပေးစွမ်းမှုချင်း...တူပေမယ့်

အေးမြခြင်းနဲ့...ပူလောင်ခြင်း ပေးစွမ်းမှုတွေကတော့..
မတူနိုင်ပါဘူး..အကြင်နာဆုံးရယ်..။
သူ ကမင်းအတွက်..ပူလောင်မှုဆိုတဲ့အရာကို...
အချစ်နဲ့ရောနှောပြီးပေးတတ်ခဲ့တယ်...။
ဒို့ ရဲ့အလင်းရောင်ကတော့..မှေးမှိန်ကောင်းမှေးမှိန်ပေမယ့်လေ...
အချစ်နဲ့..အကြင်နာကိုတော့...
ပူလောင်မှုတွေ..နဲ့..မရောယှက်ခဲ့တဲ့.. လမင်းလို...အေးမြဖြူစင်တဲ့...ကြင်နာမှုအချစ်သက်သက်ပါကွယ်.....

ဆက်ဖတ်ချင်သေးရင်..

စွဲလန်းရပါသော

Photobucket
အတောင့်တဆုံးက ချစ်သူရဲ့ ကိုယ့်အပေါ်တိမ်းညွတ်နေတဲ့ အကြည့်မျက်ဝန်းလေးတွေဖြစ်ပြီး အမက်မောဆုံးကတော့

ချစ်သူဆီက..ဂရုဏာမျက်ဝန်းတစ်စုံရယ်ပါ သူ့အတွက် အဲဒါတွေပေးဖို့အရမ်းပင်ပန်းနေမယ်ဆိုရင် မတောင်းဆိုတော့ပါဘူးအကြင်နာရရ်.......................

ဆက်ဖတ်ချင်သေးရင်..

သူ့အတွက်ရယ်ပါ........

PhotobucketPhotobucket
သူ......
သူ့ကိုပျော်ရွှင်စေချင်တယ် သူပျော်မယ်ဆိုရင်လေ အရာအားလုံးကို ဖြည့်ဆည်းပေးလိုက်ချင်တယ် သူ ရရ်သူ ရဲ့ အချစ်တွေ၊အမှန်တရားတွေထဲမှာ ကျွန်တော် ပျော်မွေ့နေချင်တယ် သူရဲ့ချစ်ခြင်းကို အစဉ်သဖြင့်ရယူချင်တရ် သူရဲ့အနမ်းတွေထဲမှာ ထာဝရ အိပ်စက်ချင်တရ် သူ ရဲ့ရင်ခုန်သံတွေကို နားထောင်နေခွင့်လေးကို မက်မောတရ်.....

အဲဒါကို သူက ရူးသွပ်ခြင်း လို့သတ်မှတ်တရ် တကယ်တော့ မှီတွယ်ခြင်းလေးပါ သူ ရရ် ရှင်းမပြတော့ပါဘူး သူ လွပ်လပ်စွာ တွေးခေါ်ပါစေလေ သူ က ကျွန်တော့်ကို အချစ်ငတ်တဲ့ကောင်လေးတစ်ယောက်တဲ့. လောကမှာကိုယ့် ချစ်သူရဲ့ ယုယကြင်နာမှုတွေချစ်ခြင်းတွေကို မလိုချင်မတမ်းတတဲ့လူရယ် လို့များ
ရှိသေးရဲ့လားသူရရ် .......

ဆက်ဖတ်ချင်သေးရင်..

ပထမခြေလှမ်းပါ..........

Photobucket


ဒီနေ့ကစပြီး ဒီဘလော့လေးကိုစရေးဖြစ်တာပါ ရင်ဖွင့်ဖော်အဖြစ် အသုံးချမယ်လို့စိတ်ကူးထားခဲ့တာတော့ အမှန်ပါပဲ ရင်ထဲမှာခံစားရသမျှတွေကို ငယ်ငယ်တည်းက ဒိုင်ယာရီစာအုပ်လေးနဲ့ ဗောပင်လေးကိုပဲ

ရင်ဖွင့်နေတတ်ခဲ့သေးတာ ။ ဒီလိုနဲ့အခုတော့ အင်တာနက် သုံးတာများလာတော့ ဒီဘလော့ပေါ်မှာပဲ ရင်ဖွင့်ရင်း လူ့ဘ၀ရဲ့ ပျော်ရွှင်ရခြင်း၊ ၀မ်းနည်းရခြင်း ၊ ကြေကွဲရခြင်း ၊ ကြည်နူးရခြင်း ၊ နှစ်သိမ့်ကျေနပ်ရခြင်း စတဲ့ခံစားမှုမျိုးစုံတွေကို ရင်ဖွင့်ခံစားကြရင်း ဘ၀မျိုးစုံကို စိတ်ကူးတွေနဲ့ ဖြတ်သန်းကြည့်မလားလို့စိတ်ကူးထားပါတယ်....။

ဆက်ဖတ်ချင်သေးရင်..