ဒါလေးကိုသိချင်ရင်ဆက်ဖတ်ကြည့်ပေးပါ
Friday, July 25, 2008
Wednesday, July 23, 2008
သူ့ဆီမှလိုချင်ခဲ့သော....
မိုးရေတွေထဲမှာကြေမွသွားသောနှလုံးသားများ
လောကမှာ...လုပ်ဆောင်မှုချင်းတူညီတဲ့..
ဆန့်ကျင်ဘက်..အရာနှစ်ခု..ရှိတယ်..။
နေမင်း နဲ့..လမင်း တဲ့...
အလင်းရောင်ပေးစွမ်းမှုချင်း...တူပေမယ့်
အေးမြခြင်းနဲ့...ပူလောင်ခြင်း ပေးစွမ်းမှုတွေကတော့..
မတူနိုင်ပါဘူး..အကြင်နာဆုံးရယ်..။
သူ ကမင်းအတွက်..ပူလောင်မှုဆိုတဲ့အရာကို...
အချစ်နဲ့ရောနှောပြီးပေးတတ်ခဲ့တယ်...။
ဒို့ ရဲ့အလင်းရောင်ကတော့..မှေးမှိန်ကောင်းမှေးမှိန်ပေမယ့်လေ...
အချစ်နဲ့..အကြင်နာကိုတော့...
ပူလောင်မှုတွေ..နဲ့..မရောယှက်ခဲ့တဲ့.. လမင်းလို...အေးမြဖြူစင်တဲ့...ကြင်နာမှုအချစ်သက်သက်ပါကွယ်.....
စွဲလန်းရပါသော
အတောင့်တဆုံးက ချစ်သူရဲ့ ကိုယ့်အပေါ်တိမ်းညွတ်နေတဲ့ အကြည့်မျက်ဝန်းလေးတွေဖြစ်ပြီး အမက်မောဆုံးကတော့
ချစ်သူဆီက..ဂရုဏာမျက်ဝန်းတစ်စုံရယ်ပါ သူ့အတွက် အဲဒါတွေပေးဖို့အရမ်းပင်ပန်းနေမယ်ဆိုရင် မတောင်းဆိုတော့ပါဘူးအကြင်နာရရ်.......................
သူ့အတွက်ရယ်ပါ........
သူ......
သူ့ကိုပျော်ရွှင်စေချင်တယ် သူပျော်မယ်ဆိုရင်လေ အရာအားလုံးကို ဖြည့်ဆည်းပေးလိုက်ချင်တယ် သူ ရရ်သူ ရဲ့ အချစ်တွေ၊အမှန်တရားတွေထဲမှာ ကျွန်တော် ပျော်မွေ့နေချင်တယ် သူရဲ့ချစ်ခြင်းကို အစဉ်သဖြင့်ရယူချင်တရ် သူရဲ့အနမ်းတွေထဲမှာ ထာဝရ အိပ်စက်ချင်တရ် သူ ရဲ့ရင်ခုန်သံတွေကို နားထောင်နေခွင့်လေးကို မက်မောတရ်.....
ရှိသေးရဲ့လားသူရရ် .......
ပထမခြေလှမ်းပါ..........
ဒီနေ့ကစပြီး ဒီဘလော့လေးကိုစရေးဖြစ်တာပါ ရင်ဖွင့်ဖော်အဖြစ် အသုံးချမယ်လို့စိတ်ကူးထားခဲ့တာတော့ အမှန်ပါပဲ ရင်ထဲမှာခံစားရသမျှတွေကို ငယ်ငယ်တည်းက ဒိုင်ယာရီစာအုပ်လေးနဲ့ ဗောပင်လေးကိုပဲ